"၁၉ ကြိမ်​​မြောက်​ အ​ရှေ့​တောင်​အာရှ တက္ကသိုလ်​များ အားကစားပြိုင်​ပွဲတွင်​ ဆက်​သွယ်​​ရေးအရာရှိ (Liaison Officer) တာဝန်​ထမ်း​ဆောင်​ရန်​ ​လျှောက်​ထားနိုင်​​ခြင်း "

 

၂၀၁၈ခုနှစ်​ ဒီဇင်​ဘာလ (၁၀)ရက်​​နေ့မှ (၂၀)ရက်​​နေ့ အထိ ​နေပြည်​​တော်​တွင်​ ကျင်းပမည့် (၁၉)ကြိမ်​​မြောက်​ အ​ရှေ့​တောင်​အာရှ တက္ကသိုလ်​များ အားကစားပြိုင်​ပွဲ (ASEAN UNIVERSITY GAMES) ၌ ဆုချီးမြှင့်ရေးနှင့် လုပ်​အား​ပေးဝန်​​ဆောင်​မှု ​ကော်​မတီတွင်​ ဆက်​​သွယ်​​ရေးအရာရှိ (Liaison Officer)များ အဖြစ်​ လုပ်​အား​ပေးတာဝန်​ထမ်း​ဆောင်​လို မန္တ​လေးကွန်​ပျူတာတက္ကသိုလ်မှ ​ကျောင်းသား ကျောင်းသူများ ​လျှောက်​ထားနိုင်​​ပါသည်​။

လျှောက်ထားသူများအား ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလတို့တွင် ရန်ကုန်မြို့ ၌ လေ့ကျင့်သင်တန်းပေးမည်ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည်​ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၇)ရက်​​နေ့ (သောကြာနေ့) နံနက်​၉နာရီ ​နောက်​ဆုံးထား၍ မန္တ​လေးကွန်​ပျူတာတက္ကသိုလ်​ ​သင်တန်းရေးရာဌာန၌ စာရင်းပေးလျှောက်ထားနိုင်​ပါသည်​။

အ​သေးစိတ်​သိရှိလိုပါက ဌာနမှူး၊ သင်​တန်း​ရေးရာ ဌာန၊ မန္တ​လေးကွန်​ပျူတာတက္ကသိုလ်​၊ ဖုန်း-09-786505012 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။