မန္တလေးကွန်ပျူတာတက္ကသိုလ်

ဧကာဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်

ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်း

၁။  မန္တလေးကွန်ပျူတာတက္ကသိုလ် မှ  ၂၀၁၇-၂၀၁၈  ပညာသင်နှစ်နှင့်  ၂၀၁၈-၂၀၁၉  ပညာသင်နှစ် တွင် အောင်မြင်ခဲ့သော  Ph.D(IT)  ဘွဲ့သင်တန်း၊  M.  C.  Sc. /  M.  C.  Tech.  ဘွဲ့သင်တန်း၊  ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အောင်မြင်ခဲ့သော B. C. Sc. (Business Information Systems) / B. C. Sc.(Software Engineering)/ B. C. Sc.(High Performance Computing)/ B. C. Tech. (Embedded Systems) /B.  C.  Tech.(Computer  Communication and Networks)ဘွဲ့သင်တန်း  စာမေးပွဲအောင်မြင်ပြီးသူ များအတွက် မန္တလေးကွန်ပျူတာတက္ကသိုလ်   ဧကာဒသမအကြိမ်မြောက်  ဘွဲ့နှင်းသဘင်  အခမ်းအနားကို မန္တလေးကွန်ပျူတာတက္ကသိုလ်  အခန်းအမှတ်(၁၀၄)တွင်  (၈.၂.၂၀၁၉)ရက်  (သောကြာနေ့)တွင်  အစမ်း လေ့ကျင့်ပွဲနှင့် (၉.၂.၂၀၁၉)ရက် (စနေနေ့) တွင် ဘွဲ့နှင်းသဘင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။  ဘွဲ့နှင်းသဘင် လျှောက်လွှာ လျှောက်ထားလိုသူများသည် မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်  (၃)လ အတွင်းရိုက်ကူးထားလသာ  ၂"×၁ ၁/၂" အရွယ်  ဓါတ်ပုံ  (၃)ပုံ ပူးတွဲ၍  ဘွဲ့နှင်းသဘင်တက်ရောက်ရန်  (သို့မဟုတ်)  အဝေးရောက်ဘွဲ့ယူရန် ဟု  ထင်ရှားစွာ  ဖော်ပြလျက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြပါသည်။

၃။  ဘွဲ့နှင်းသဘင်ကြေးမှာ  တက်ရောက်ဘွဲ့ ၁၅၀ဝိ/-  (ကျပ်တစ်ထောင့်ငါးရာတိတိ)၊  အဝေးရောက်ဘွဲ့ ၁၀ဝဝိ/-(ကျပ်တစ်ထောင်တိတိ) ကို မန္တလေးကွန်ပျူတာတက္ကသိုလ် ငွေစာရင်းဌာနတွင် ပေးသွင်းရမည်။

၄။   ရပ်ဝေးမှ  ဘွဲ့နှင်းသဘင်လျှောက်လွှာ  ပေးပို့လိုသူများသည်  စာတိုက်ငွေပို့လွှာ  (Postal Money Order) ဖြင့်  ပေးပို့နိုင်ပါသည်။  ငွေပို့လွှာအောက်ခြေတွင်  “ဘွဲ့နှင်းသဘင်ကြေးပေးပို့ခြင်း  ဟုဖော်ပြပြီး၊ မန္တလေးကွန်ပျူတာတက္ကသိုလ်သို့  လိပ်မူ၍  လျှောက်လွှာရှင်၏အမည်၊  ဘွဲ့ရစာမေးပွဲ  ခုံအမှတ်၊  အထူးပြု ဘာသာ၊  ပညာသင်နှစ်၊  အောင်မြင်သည့်ခုနှစ် နှင့် နေရပ်လိပ်စာအပြည့်အစုံကို  တိကျစွာဖော်ပြရမည်။

(ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ငွေပို့လွှာများကို လက်ခံမည်မဟုတ်ပါ။) 

၅။  ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်သူများသည်  မြန်မာဝတ်စုံ၊  တိုင်းရင်းသားဝတ်စုံ၊  အနောက်တိုင်းဝတ်စုံတို့အနက်  နှစ်သက်ရာဝတ်စုံကို  အပြည့်အစုံဝတ်ဆင်၍  တက်ရောက်ရမည်။  မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့်  ကိုက်ညီမှုမရှိသော  ဝတ်စားဆင်ယင်မှုဖြင့်  တက်ရောက်ခြင်းကို  (အစမ်းလေ့ကျင့်ပွဲအပါအဝင်) လုံးဝခွင့်ပြုမည်မဟုတ်ပါ။

၆။  ယခင်နှစ်များကပထမဘွဲ့ယူပြီး ၍  ယခုနှစ်အတွက် ဘွဲ့လွန်ဘွဲ့ယူရန်  လျှောက်ထားသူများသည်  မူလဘွဲ့လက်မှတ်မိတ္တူကို ပူးတွဲတင်ပြ လျှောက်ထားရမည်။ 

၇။  ယခင်နှစ်များက  ဘွဲ့ရစာမေးပွဲအောင်မြင်သူများသည်  အဝေးရောက်ဘွဲ့အတွက်သာ  လျှောက်ထားနိုင်သည်။

၈။  တက်ရောက်ဘွဲ့လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို  အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့်  အချိန်တွင်မှသာ ထုတ်ပေးမည်  ဖြစ်ပါသည်။

၉။  ဘွဲ့နှင်းသဘင်ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို  မန္တလေးကွန်ပျူတာတက္ကသိုလ်၏  ကျောင်းသားရေးရာဌာနတွင်  လူကိုယ်တိုင်ဖြစ်စေ၊  ဖုန်းအမှတ်  ဝ၉-၈၉၆၅၀၂၂၁၅သို့  ဖြစ်စေ  ဆက်သွယ်စုံစမ်းနိုင်ပါသည်။

                                                 ဌာနမှူး(သင်တန်းရေးရာ)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်