နိုင်ငံအဆင့် Myanmar Cyber Security Challenge 2019 ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဖိတ်ခေါ်ခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံမှ လူငယ်လူရွယ် များ ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုကို သိရှိလာစေရန်၊ အသိအမြင်နှင့် ကျွမ်းကျင်မှုများ တိုးတက် လာစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မေးခွန်းများကို ဖြေဆိုခြင်းဖြင့် အတွေ့အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်၍ နိုင်ငံအဆင့် Myanmar Cyber Security Challenge 2019 ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး တက္ကသိုလ်တက်ရောက်နေသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်-

ပြိုင်ပွဲကျင်းပမည့်နေ့

-         ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်၊ (စနေနေ့)

ပြိုင်ပွဲကျင်းပမည့်အချိန်

-         နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ

ဆုပေးပွဲကျင်းပမည့်အချိန်

-         ညနေ ၄:၀၀ နာရီမှ ၅:၀၀ နာရီအထိ

ပြိုင်ပွဲကျင်းပမည့်နေရာ

-         Assembly Hall၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂) ၊နေပြည်တော်။

 

၂။      ပြိုင်ပွဲတွင် တစ်သင်းလျှင် ပြိုင်ပွဲဝင်( ၃) ဦးစီဖြင့် ပြိုင်ပွဲဝင်အသင်းပေါင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၄င်းတို့အနက်မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် အသင်းများကို ရွေးချယ်ကာ ဆုချီးမြှင့်မည်ဖြစ်ပါသည်။ ဆုရရှိသည့် အသင်းမှ ပြိုင်ပွဲဝင်များကို Singapore Cyber Conquest ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမည် ဖြစ်ပါသည်။

၃။      ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ကျောင်းသူများအတွက် နေပြည်တော်ကောင်စီ၊ စည်ပင်ရိပ်သာတွင် တည်းခိုနိုင်ရေးနှင့် ပြိုင်ပွဲကျင်းပမည့်ရက်များတွင် သွားလာရေးအတွက် ကြို/ပို့ ယာဉ်များ စီစဉ်ပေးသွားမည်ဖြစ်ပြီး တည်းခိုစရိတ်နှင့်သွားလာစရိတ်များကို ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ကျခံပေးသွားမည်ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ ကျောင်းသား၊ကျောင်းသူများ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အတွေ့အကြုံကောင်းများ ရရှိစေရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိအမြင်နှင့် ကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက်  Myanmar Cyber Security Challenge 2019 ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်များ စေလွှတ်ယှဉ်ပြိုင်ပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

Myanmar Cyber Security Challenge (2019)  ပြိုင်ပွဲ

 

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge 2019 ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၌ နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်

၂။      လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်။

အကျိုးကျေးဇူးများ

၃။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)

ကမ္ဘာနှင့် တစ်ဝှမ်း ဆိုက်ဘာရာဇဝတ်မှုများ၊ ဆိုက်ဘာခြိမ်းခြောက်မှုများ တိုးတက်များပြားလာ သည့်အတွက် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် ဆိုက်ဘာ လုံခြုံရေးနှင့် အရေးပါမှုကို သိရှိလာစေခြင်း၊

(ခ)

လူငယ်လူရွယ်များ၏ သတင်းအချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှု များနှင့်ပတ်သက်၍  ကာကွယ်နိုင်မည့်နည်းလမ်းများအား ပိုမိုသိရှိ လာစေခြင်း၊

(ဂ)

နိုင်ငံတကာ၏ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ထားသော မေးခွန်းများကို ဖြေဆိုခြင်းဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွေ့အကြုံကောင်းများ ရရှိစေခြင်း။

 

ပြိုင်ပွဲကျင်းပမည့်ရက်

-         ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်။

ပြိုင်ပွဲကျင်းပမည့်နေရာ

-         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနခန်းမ၊ ရုံးအမှတ်(၂) ၊နေပြည်တော်။

ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိသူစာရင်း ကြေညာခြင်း

-         ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်။

ပြိုင်ပွဲလျှောက်လွှာပိတ်ရက်

-         ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်။

 

မှတ်ချက်။      ပြိုင်ပွဲတွင်အသင်းပေါင်း (၂၀)သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း မရှိသည့်အသင်းများ၊ ပြိုင်ပွဲဝင် (၃)ဦး၊ မပြည့်မီသည့် အသင်းများအား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ဘဲ အရည်အချင်း ကိုက်ညီသည့် ပြိုင်ပွဲ ဝင်အသင်း(၂၀)ကျော်လွန်ပါက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့၊  နံနက်( ၉) နာရီ၌  အွန်လိုင်းတွင် Forensics/ Reverse Engineering/ Problem Solving နှင့် သက်ဆိုင်သော မေးခွန်းတစ်ခုစီကို  တစ်နာရီအတွင်း ဖြေဆိုရမည်ဖြစ်ပြီး အမှတ်အများဆုံး အသင်း(၂၀)ကို ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ပါသည်။

 ချီးမြှင့်မည့်ဆုများ

၅။      ချီးမြှင့်မည့်ဆုများမှ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)

ပထမဆု

-         ငွေကျပ်(၁၀)သိန်း၊ Trophy၊  Certificate၊

(ခ)

ဒုတိယဆု

-         ငွေကျပ် (၇)သိန်း ၊ Trophy၊  Certificate၊

(ဂ)

တတိယဆု

-         ငွေကျပ် (၅)သိန်း ၊ Trophy၊  Certificate၊


ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသူများ

၆။      ပြိုင်ပွဲဝင်များအနေဖြင့် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရပါမည်-

(က)

မြန်မာနိုင်ငံသား ဖြစ်ရပါမည်။

(ခ)

လက်ရှိတွင် တက္ကသိုလ်တစ်ခုခု၌ တက်ရောက်ပညာ ဆည်းပူးနေသူ ဖြစ်ရပါမည်။

(မဟာဘွဲ့လွန်/ ပါရဂူဘွဲ့ တက်ရောက်နေသူများ၊ အဝေးသင်ဖြင့် တက်ရောက်နေသူများ ဖြေဆိုနိုင်ပါသည်။ အသက်ကန့်သတ်ချက် မရှိပါ။)

ဖြေဆိုရမည့်ကဏ္ဍများ

၇။      အောက်ပါကဏ္ဍများကို သတ်မှတ်ချိန်အတွင်း ဖြေဆိုရမည်ဖြစ်ပါသည်။

(က)

Web Security

(ခ)

Forensics

(ဂ)

Cryptography

(ဃ)

Problem Solving

(င)

Reverse Engineering

(စ)

Binary Exploits

မှတ်ချက်။      ယခုနှစ်ပြိုင်ပွဲတွင် MCSC (2018) ၌ မေးမြန်းခဲ့သော Steganography နှင့် Miscellaneous ကဏ္ဍများအစား  Problem Solving ကဏ္ဍကို အစားထိုးထားပါသည်။ Binary Exploits ကဏ္ဍမှာ Pwn ကဏ္ဍအား အမည်ပြောင်းလဲထားခြင်းသာ ဖြစ်ပါသည်။

ပြိုင်ပွဲအစီအစဉ်

၈။      ပြိုင်ပွဲအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ၀၈:၃၀ -  ၀၉:၀၀

-         ပြိုင်ပွဲဝင်များ မှတ်ပုံတင်ခြင်း၊

(ခ)  ၀၉:၀၀ -  ၀၉:၃၀

-         အဖွင့်အမှာစကားပြောကြားခြင်း၊ စည်းကမ်းချက်များရှင်းလင်းခြင်း၊